Thursday, October 29, 2009

အချစ်ကို စတင်တွေ့မိခြင်း

အချစ်စစ် တွေ့ထိခြင်း-
အချစ်ဆိုတာ ဒဏ်၇ာတခု အပေးခံ၇သလို ချစ်သူရဲ့စွန့်ပစ်ခြင်းပဲ အချစ်နဲ့ ပတ်သက်လို့ ခံစားခဲ့၇တယ်။
အချစ်ဆိုတာကို စတွေ့စကနေ သူနဲ့မတွေ့ခင်အချိန်လေးထိ ခပ်ပေါ့ပေါ့လေးတွေးထားမိတယ်။
အမှတ်မထင် ၇င်ထဲကို သူတစ်နေ့ထက်တစ်နေ့ တိုးတိုးဝင်လာ၇င်း သူ့ကိုကျွန်တော် လေးလေးနက်နက် ချစ်သွားမိတယ်။
အမှတ်တမဲ့လေး မှသည် ထာ၀၇ချစ်သူဘ၀-
အ၇မ်းကို ခင်မင်ကြတဲ့ ကောင်မလေးက သူ့အမနဲ့မိတ်ဆက်ပေးတယ်။
တော်တော်လေး အံ့သြမိတယ်၊ " အင်း အလုပ်သွားစ၇ာရှိနေလို့နေ် "တဲ့ ။နှတ်ဆက်စကားလေးက ဒါလား။
ဒါပေမယ့် အမှတ်မထင်သူ့အသံလေးက ကျွန်တော်၇င်ထဲစူးဝင်သွားတယ်။ ဘာ၇ယ်မဟုတ်ဘူး သူ့ကိုစကားပြောခွင့် ၇ချင်နေမိတယ်။ဒီလိုနဲ့ အချိန်တလကျော် ကြာလာတဲ့အခါ တနင်္ဂနွေတ၇က် သူနဲ့ချက်တင်ဝင်မိတယ်။ စကားပြောခွင့်လေးကိုတော့ နောက် ၄၈၇က်တိတိကြာတဲ့အခါ ကျွန်တော်စ၇လာတယ်။ အပတ်စဉ်၊ တပတ်ခြားတစ်ခါ စကားပြောလာ၇င်းက သူကိုဖွင့်ပြောမယ်လမ်းခင်းတိုင် သူကလိမ္မာစွာနဲ့ ကျော်လွှားသွားတယ်။ ၃၇က်တခါလောက်စကားပြောခွင့်ရလာတော့ ၁၄၇က်ထပ်ကြာပြီးချိန်မှာ သူကိုချစ်တယ်လို့တ၇ားဝင်ဖွင့်ပြောခွင့်၇သွားတယ်။
ကျွန်တော်၇ဲ့ကပ်ပါးကောင်လေလို နေတတ်မှု၇ယ်၊ သူစစ်တဲ့ စာမေးပွဲကို အချစ်တခုကို အလေးအနက်နဲ့ ချစ်နေမိတဲ့ သူ့အပေါ်ထားရှိတဲ့မေတ္တာစစ်ကနေတဆင့် အောင်လိုက်တာ၇ယ်က သူ့ဆီကအချစ်ကို ၂၈.၆.၂၀၀၉ တနင်္ဂနွေမှာ ၇င်တုန်စွာနဲ့၇လိုက်တယ်၊ ၇င်မတုန်ပဲနေပ့ါမလား စတွေ့တာနဲ့ သူက"ာ်သူကောင်လေးတယောက်ကို ချစ်နေမိတယ် သူကိုအဖြေပေးလိုက်တော့မလို့ နားလည်ပေးပါနော်"လို့ပြောလာတာလေ။ဘာလုပ်၇မှန်းမသိအောင် ဖြစ်သွားတယ်၊ ပြီးမှ "ကျွန်မရှင့်ကို ချစ်တယ်"လို့ဖြေတာလေ "ကျွန်မချစ်တဲ့ကောင်လေးက တခြားလူမဟုတ်ဘူး ရှင်ပါပဲ" တဲ့၊ ကျွန်တော်၇င်ခုန်သံတွေ၇ပ်မတတ်ပျော်မိပါတယ်။ ၇င်တုန်နေတာတွေနဲ့ပါေ၇ာနေတော့ သီးခြားလေးမပျော်လိုက်၇ဘူးလေ။
ချစ်၇တဲ့၇က်တွေ ကြာလာတာနဲ့အမျှ သူ့ကိုပိုပြီး ချစ်တတ်သံယောစဉ်ပိုတွယ်တတ်လာတယ်။
သူကိုတွေ့၇တဲ့၇က်တွေမှာ ပျော်နေမိတယ်။ သူကိုမတွေ့မမြင်၇ချိန်တိုင်း ၇င်ထဲမှာမျှော်နေမိတယ်၊ သူ့စကားတွေ့က အမိန့်မပေးပေမယ့် သူ့အလိုကျ ကျွန်တော်နေပေးနေမိတယ်။
သူစိတ်ကောက်နေ၇င် ဘယ်လိုချော့၇မလဲ မစဉ်းစားတတ်အောင်ဖြစ်၇တယ်။သူကြေနပ်အောင် အမြဲလိုလို ကျွန်တော်အလျှော့ပေးလိုက်တယ်၊။ ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော်သိပ်ချစ်မိလို့ပါပဲ..........။

No comments:

Post a Comment