Thursday, November 12, 2009

ထာ၀၇ တည်ပါ၇စေ။


ချစ်သူရဲ့နှုတ်ဖြား က
ပေါ့ဆစွာပေးလာတဲ့ကတိ
ဖြစ်မလာတဲ့အခါ...
အစွဲအလမ်းကြီးသူ ..ကိုယ့်အတွက်
ခံစားချက်ဟာ
ဘယ်အရာနဲ့ နှိုင်းပြရမလဲချစ်သူရယ်....။
နှစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် ၊တစ်ဖူးတစ်ငုံ
ရင်ခုန်စေသူရယ်..........။
တစ်သက်တစ်ဘဝ
ရမက်ခွာချ၊ပကာသနမပါ
ထာဝရကမ္ဘာလေး.....မင်းပါ ။
တော်ဝင်သဲဦး၊ရည်စူးသစ္စာ
မေတ္တာအနန္တ၊နောက်ဘ၀ရှိလဲ
မခွဲအမြဲနေချင်မိသူလေ.........။
ရင်ထဲကစကား၊လျှာဖျားကမဟုတ်
အသဲကြားကစေ.ဆော်၊အပျော်တွေပျောက်ဆုံး
အမုန်းတွေပေးရက်မှာလား..........။
မျှော်လင့်ခြင်းပန်းလေး
အလှမ်းဝေးနေပေမဲ့ ၊မှန်းဆချွေခူး
အနမ်းဖူးလေးတွေဝေပါရစေ.........
နှစ်လွှာမခွဲတည်နေပါရစေကွယ် ။ ။